ယူကရိန်း၏ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်ခဲ့သည်ဟု ရုရှား ဆို၊ ရုရှား၏ တိုက်ခိုက်မှုများကို တွန်းလှန်ခဲ့သည်ဟု ယူကရိန်း ဆို

(GMT+08:00)2022-10-18 17:24:31  

ရုရှားနိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနမှ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ရာတွင် ရုရှားစစ်တပ်သည် လွန်ခဲ့သည့်တစ်နေ့တွင် တိကျမှု မြင့်မားသောလက်နက်များဖြင့် ယူကရိန်း၏ စစ်ရေးပစ်မှတ်များနှင့် စွမ်းအင် အဆောက်အအုံများကို ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

      ယူကရိန်းက လွန်ခဲ့သည့်တစ်နေ့က ယူကရိန်း စစ်တပ်သည် ရုရှားစစ်တပ်၏ Donetsk နှင့် အခြားနေရာများအပေါ် တိုက်ခိုက်မှုများကို တွန်းလှန်ခဲ့ကြောင်း၊ ရုရှားစစ်တပ်၏ လက်နက်စုစည်းရာနေရာများနှင့် လေကြောင်းရန် ကာကွယ်ရေးစနစ် အဆောက်အအုံများစသည့် ပစ်မှတ်များကို လေကြောင်း တိုက်ခိုက်မှု ၁၅ ကြိမ် ပြုလုပ်ခဲ့ပြီး ရုရှားစစ်တပ်၏ အမြောက်များနှင့် တင့်ကားများကို ဖျက်ဆီးခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။