တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို အောက်တိုဘာလ ၁၆ ရက်နေ့က ပီကင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ စတင် ကျင်းပခဲ့သည်။ ရှီကျင့်ဖိန်သည် (၁၉) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ကိုယ်စားညီလာခံသို့ အစီရင်ခံစာတင်ပြရာ၌ တရုတ်ပုံစံခေတ်မီရေးသည် ပြည်သူ တစ်ရပ်လုံး အတူချမ်းသာကြွယ်ဝသောခေတ်မီရေးဖြစ်ပြီး၊ အကျယ်ပြန့်ဆုံးသော ပြည်သူများ၏ အရင်းခံအကျိုးစီးပွားများကို အကောင်အထည်ဖော်ဆောင်ပြီး၊ ထိန်းသိမ်း ကာကွယ်၍ ဖွံ့ဖြိုးတိုးတက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ အရေးအထားဆုံး၊ လက်တွေ့အကျဆုံး အကျိုးစီးပွား ရေးရာပြဿနာများကို အရေးထားအာရုံစိုက်ပြီး၊ အတူချမ်းသာကြွယ်ဝရေးကို ဇောက်ချအားဖြည့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။
အတူချမ်းသာကြွယ်ဝရေးမှာ ရှေးပဝေသဏီမှစ၍ တရုတ်ပြည်သူများ၏ မျှော်မှန်းချက်နှင့် မဟာစီမံကိန်းဖြစ်သည်ဟု သတင်းအရ သိရသည်။