တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အကျိုးဆောင်ဟု ဟန်ဂေရီ ဝန်ကြီးချုပ်ဟောင်းဆို

(GMT+08:00)2022-10-17 14:06:18  

ဟန်ဂေရီဝန်ကြီးချုပ်ဟောင်း Medgyessy Péter သည် ၁၉၈၇ ခုနှစ်မှ စပြီး တရုတ်နိုင်ငံသို့ အကြိမ်ပေါင်းများစွာ လာရောက်ခရီးလှည့်လည်ပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အချိန်ကြာရှည်စွာ အာရုံစိုက်လျက်ရှိသည်။ တရုတ်နိုင်ငံသည် စီစဉ်ထားသည့်အတိုင်း ဆင်းရဲမွဲတေမှု ပပျောက်ရေး လုပ်ငန်း အောင်မြင်မှုရရှိပြီး ပြည်သူများ၏ နေထိုင်မှုဘဝသိသိသာသာတိုးတက် ကောင်းမွန်လာခြင်းကို တစ်ကမ္ဘာလုံးက အာရုံစိုက်ကြကြောင်း၊  တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် တရုတ်ပြည်သူများကို အကျိုးရှိစေသည့်အပြင် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်းအကျိုးပြု စွမ်းဆောင်ကြောင်း Medgyessy Péter က မကြာခင်ရက်များက China Media Group မှ သတင်းထောက်အား ပြောကြားသည်။