တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံသို့ တင်ပြသော အစီရင်ခံစာကို ဘာသာပြန်ပေးသည့် နိုင်ငံခြား ပါရဂူများက ယင်းအစီရင်ခံစာမှ ယုံကြည်စိတ် ပိုမိုရှိနေသော တရုတ်ပြည်ကို မြင်လိုက်သည်ဟု ဆို

(GMT+08:00)2022-10-17 19:32:21  

နိုင်ငံခြား ပါရဂူများစွာတို့သည် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံသို့ တင်ပြသော အစီရင်ခံစာ၏ နိုင်ငံခြား ဘာသာဗားရှင်း ဘာသာပြန်လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ ယင်းသည် တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အပြီးတွင် တရုတ်နိုင်ငံက ထပ်တစ်ကြိမ် နိုင်ငံခြား ပါရဂူများကို ဖိတ်ခေါ်ပြီး ပါတီ ကိုယ်စားလှယ်များညီလာခံ၏ ဘာသာပြန်လုပ်ငန်းတွင် ပါဝင်ခဲ့ခြင်း ဖြစ်ပါသည်။

ယင်းနိုင်ငံခြားပါရဂူ အများစုသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးများနှင့် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၊ ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ အစည်းအဝေးများမှ အရေးကြီး စာတမ်းများ ဘာသာပြန်လုပ်ငန်းတွင် ပါဝင်ခဲ့ဖူးသည်။ ယခုအကြိမ် ၄င်းတို့သည် အဓိကအားဖြင့် အင်္ဂလိပ်၊ ပြင်သစ်ဘာသာ၊ ရုရှားဘာသာ၊ အာရပ်ဘာသာ၊ လာအိုဘာသာ စသဖြင့်ဘာသာများကို ဘာသာပြန်ပေးသည့် တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်သည်။

၎င်းပါရဂူ အများစုသည် တရုတ်နိုင်ငံတွင် ရေရှည်နေထိုင် အလုပ်လုပ်ကိုင်နေခဲ့ပြီး ခေတ်သစ်တွင် တရုတ်နိုင်ငံ လုပ်ငန်းနယ်ပယ် အရပ်ရပ်၌ လျင်မြန်စွာ တိုးတက်ခြင်းကို မျက်မြင်ကိုယ်တွေ့မြင်သိကြသည့်အပြင် တရုတ်ကွန်မြူနစ်ပါတီ၏ အတွေးအခေါ်နှင့် ဆောင်ရွက်မှုများအပေါ်တွင်လည်း လက်တွေ့ ခံစားချက်များ ရှိပါသည်။

ယခုအကြိမ် ပါတီညီလာခံသို့ တင်ပြသော အစီရင်ခံစာကို အင်္ဂလိပ်လို ဘာသာပြန် ပေးသည့် ပါရဂူ SEAN SLATTERY က “ပြည်သူများကို အမြုတေအဖြစ်ထားသော ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ်”၊ “တိုင်းပြည်သည် ပြည်သူများ ဖြစ်ပြီး ပြည်သူများသည် တိုင်းပြည်ပင် ဖြစ်ခြင်း” တို့သည် တရုတ်ကွန်မြူနစ်ပါတီက စိတ်ရင်းသန့်သန့်ဖြင့် ပြည်သူ များအား အကျိုးပြုနေခြင်းကို ဖေါ်ပြသည်ဟု ပြောကြားပါသည်။

  ယခုအကြိမ် ပါတီညီလာခံသို့ တင်ပြသော အစီရင်ခံစာကို ရုရှားဘာသာလို ဘာသာပြန်ပေးသည့် ပါရဂူ K. ANGELINA က တရုတ်ကွန်မြူနစ်ပါတီသည် ကာဗွန်ဓါတ်ငွေ့ ထုတ်လုပ်မှု အထွတ်အထိပ် ရောက်ရှိရေးနှင့် ကာဗွန်ဓါတ်ပြယ်ရေး ရည်မှန်းချက်ကို ဖေါ်ဆောင်ရန်အတွက် မလျှော့သောဇွဲဖြင့် ကြိုးပမ်းနေသည်ဟု တွေ့မြင်ပါကြောင်း ပြောကြားပါသည်။

ယခုအကြိမ် ပါတီညီလာခံသို့ တင်ပြသော အစီရင်ခံစာကို လာအိုဘာသာလို ဘာသာပြန်ပေးသည့် ပါရဂူ PONGTAY  CHALEUNSOUK က တရုတ် အသွင်ပုံစံ ခေတ်မီရေးသည် အနောက်တိုင်းမှ ခေတ်မီရေးနှင့် မတူဘဲ တရုတ်ကွန်မြူနစ် ပါတီ၏ ဦးဆောင်မှုအောက်တွင် တစ်ပြည်လုံးမှ တိုင်းရင်းသားပေါင်းစုံမှ ပြည်သူများ အတူတကွ ပါဝင်ကြသော၊ ပြည်သူတစ်ရပ်လုံးနှင့်အတူ သာယာချမ်းမြေ့သော ခေတ်မီရေး ဖြစ်ကြောင်း ပြောကြားပါသည်။

ယခုအကြိမ် ပါတီညီလာခံသို့ တင်ပြသော အစီရင်ခံစာကို ပြင်သစ်ဘာသာလို ဘာသာပြန်ပေးသည့် ပါရဂူ PEGGY CANTAVE FUYET က တရုတ်နိုင်ငံ ရွေးချယ်သော ဖွံ့ဖြိုးရေးလမ်းကြောင်းသည် နယ်ချဲ့လမ်းကြောင်း၊ ကိုလိုနီ လမ်းကြောင်း၊ ဗိုလ်ကျစိုးမိုးရေး လမ်းကြောင်း မဟုတ်ဘဲ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးရေး လမ်းကြောင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးရေး အောင်ကျိုးရလဒ်များကို တရုတ်ပြည်သူများသာမက တစ်ကမ္ဘာလုံးမှ ပြည်သူများ ကပါ အကျိုးခံစားနိုင်ပါကြောင်း ပြောကြားပါသည်။

ယခုအကြိမ် ပါတီညီလာခံသို့ တင်ပြသော အစီရင်ခံစာကို အာရပ်ဘာသာလို ဘာသာပြန်ပေးသော ပါရဂူ YAHYAMUSTAFA က နိုင်ငံခြားသားတစ်ဦး အနေနှင့် တရုတ်ပြည်သူများနှင့်အတူ နှစ် ၂၀ ကျော်အတွင်း ပြောင်းလဲမှုများကို မျက်မြင် ကိုယ်တွေ့ ခံစားနိုင်သည့်အတွက် လွန်စွာဂုဏ်ယူမိကြောင်း၊ ယင်းသည် တစ်သက်တာလုံးတွင် မြတ်နိုးသင့်သော အတွေ့အကြုံများ ဖြစ်လိမ့်မည် ဖြစ်ကြောင်း ပြောကြားပါသည်။