ကျေးရွာအလှအပတိုးစေပြီး ခရီးသွားလုပ်ငန်း တိုးတက်

(GMT+08:00)2022-10-17 15:32:56  

ယခုနှစ်များတွင် ချုံချင့်မြို့ ဝူရှီးခရိုင်သည် မဟာဗျူဟာမဏ္ဍိုင်အဖြစ် ခရီးသွားလုပ်ငန်းကို တိုးတက်စေကြောင်း၊ ကျေးရွာတိုက်အိမ်ဟောင်းများပြုပြင်ခြင်း၊ ပန်းခြံလေးများတည်ဆောက်ခြင်း၊ အမှိုက်များ စွန့်ပစ်ရေးစနစ် မွမ်းမံခြင်း၊ ကျေးရွာယဉ်ကျေးမှုအမှတ်ဖြင့် ယှဉ်ပြိုင်ခြင်းစသော နည်းလမ်းများဖြင့် ကျေးရွာနေထိုင်မှုပတ်ဝန်းကျင် ကောင်းမွန်စေပြီး လှပမှုတိုးပွားစေကာ အရည်အသွေး လည်း တိုးမြှင့်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ယခုချိန်အထိ ဝူးရှီးခရိုင်တွင် ကျေးရွာခရီးသွားနေရာ ၅၀၀ ကျော်ရှိပြီး တစ်ဒေသလုံး ခရီးသွားလုပ်ငန်း စနစ် တဖြည်းဖြည်းဖြစ်တည်လာပြီး ခရီးသွားလာရေးလုပ်ငန်းဖြင့် ပြည်သူများ၏ ဝင်ငွေ တိုးပွားစေရန် တွန်းအားသည် အဆက်မပြတ် တိုးလာကာ ခရီးသွားလာရေး၏ စီးပွားရေးမဏ္ဍိုင်ကျသည့် အခန်းကဏ္ဍသည် တစ်နေ့တခြား ပေါ်လွင်လာကြောင်း သတင်းအရ သိရပါသည်။