တရုတ်နိုင်ငံသည် လူသားကံကြမ္မာအသိုက်အဝန်း ထူထောင်ရန် တွန်းအားပေးရေး အတွက် အားထုတ်ကြိုးပမ်းပြီး လူသားတစ်ခုလုံး၏ ဘုံတူတန်ဖိုးကို ထွန်းကားပြန့်ပွားစေရန် ပန်ကြားမည် ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီအကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ၏ အစီရင်ခံစာတွင် ဖော်ပြ

(GMT+08:00)2022-10-17 15:26:32  

တရုတ်နိုင်ငံ၏အာဏာရပါတီဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံကို ၁၆ ရက်နေ့က ပီကင်းမြို့၌ ဖွင့်လှစ်ခဲ့ ပါသည်။ ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက် ဗဟိုကော်မတီ ကိုယ်စား ညီလာခံထံသို့ အစီရင်ခံစာကိုတင်သွင်းခဲ့ရာတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ ငြိမ်းချမ်းရေးကိုထိန်းသိမ်းစောင့်ရှောက်ပြီး အတူတူဖွံ့ဖြိုးတိုးတက်စေသော နိုင်ငံခြားရေး မူဝါဒကို တစ်လျှောက်လုံး စွဲကိုင်မည်ဖြစ်ကြောင်း၊ လူသားကံကြမ္မာအသိုက်အဝန်းကို ထူထောင်ရန် တွန်းအားပေးရေး အတွက် အားထုတ်ကြိုးပမ်းမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးအား ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ တရားမျှတမှု၊ ဒီမိုကရေစီ နှင့် လွတ်လပ်ရေးပါရှိသော လူသား တစ်ခုလုံး၏ ဘုံတူတန်ဖိုးကို ထွန်းကားပြန့်ပွားစေရန် ပန်ကြားကြောင်းပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က လက်ရှိအချိန်တွင် လူသားတို့သည် မကြုံစဖူးသော ရာစုနှစ် ပြောင်းလဲမှု အခြေအနေကို ရင်ဆိုင်နေရကြောင်း၊ တစ်ဖက်တွင် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ အပြန်အလှန် အကျိုးရှိစေရေးသမိုင်းရေစီးကြောင်းသည် တားဆီး၍မရကြောင်း၊ တစ်ဖက်တွင်မူ ဗိုလ်ကျစိုးမိုးရေးနှင့် အနိုင်ကျင့်မှု လုပ်ရပ်များသည် အန္တရာယ် ကြီးလေးကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးဖွံ့ဖြိုးရေးကမ်းလှမ်းချက်၊ တစ်ကမ္ဘာလုံး လုံခြုံရေးကမ်းလှမ်းချက်ကို တင်ပြပြီး အကောင်အထည်ဖော်ဖို့အတွက် နိုင်ငံတကာ မိသားစုကြီးနှင့် အတူ ကြိုးပမ်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားပါသည်။