မွန်မြတ်သော တရုတ်အမျိုးသားရှင်သန်ရေး သင်္ဘောကြီး လှိုင်းလေကြားမှ အဟုန်ပြင်းစွာ ရှေ့သို့ ချီတက်ရန် တစ်စိတ်တည်း တစ်ဝမ်းတည်း လက်တွဲညီညီ တွန်းအားပေး ကြိုးပမ်း ဆောင်ရွက်ကြရမည်ဟု ရှီကျင့်ဖိန် ပြောကြား

(GMT+08:00)2022-10-17 15:37:21  

ရဲဘော် ရှီကျင့်ဖိန်သည် ယခုလ ၁၇ ရက်နေ့ နံနက်ပိုင်းက တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ကိုယ်စားလှယ်အဖွဲ့၏ ဆွေးနွေးမှုတွင် ပါဝင်ရာ၌ ယခု အကြိမ် ညီလာခံမှာ ပါတီနှင့်နိုင်ငံတော် လုပ်ငန်းများ၏ ရှေ့သို့ ချီတက်ရန် ဦးတည်ချက်ကို တစ်ဆင့်တိုး ညွှန်ပြထားကာ တရုတ်ကွန်မြူနစ်ပါတီက တစ်ပြည်လုံး တိုင်းရင်းသား ပေါင်းစုံမှ ပြည်သူများကို စည်းလုံးညီညွတ်စွာ ဦးဆောင်ပြီး ခေတ်သစ် ခရီးစဉ်သစ်တွင် တရုတ်ထူးခြားချက်ဝိသေသပါရှိသော ဆိုရှယ်လစ်ကို စွဲကိုင် ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ နိုင်ငံရေး ကြေညာစာတမ်းနှင့် လုပ်ငန်းစဉ် ဖြစ်ကြောင်း၊ ပါတီတစ်ရပ်လုံးနှင့် တစ်ပြည်လုံး တိုင်းရင်းသားပေါင်းစုံမှ ပြည်သူများသည် ပါတီ၏ အလံအောက်တွင် “မာကြောသော သံမဏိ တစ်တုံး”လို စည်းလုံးညီညွတ်ပြီး မွန်မြတ်သော တရုတ်အမျိုးသား ရှင်သန်ရေး သင်္ဘောကြီး လှိုင်းလေကြားမှ အဟုန်ပြင်းစွာ ရှေ့သို့ချီတက်ရန် တစ်စိတ်တည်း တစ်ဝမ်းတည်း လက်တွဲညီညီ တွန်းအားပေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က စည်းလုံးညီညွတ်မှ အောင်ပွဲရနိုင်ပြီး ကြိုးပမ်းဆောင်ရွက်မှ အောင်မြင်မှု ရရှိနိုင်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ (၁၈) ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ညီလာခံ ကျင်းပခဲ့သည့်နောက်ပိုင်း တရုတ်ကွန်မြူနစ်ပါတီသည် ပြည်သူများကို အမြဲတစေ အားကိုးပြီး စီးပွားရေး တည်ငြိမ်ရေး၊ ဖွံ့ဖြိုးမှု တိုးမြှင့်ရေး၊ ဆင်းရဲမှု လျှော့ချရေး၊ အသင့်အတင့် ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်း တည်ဆောက်ရေး၊ ကူးစက်ရောဂါ ထိန်းချုပ်ရေး၊ ဘေးအန္တရာယ်များကို ခုခံရေး၊ အခြေအနေ ပြောင်းလဲမှုများကို တုံ့ပြန် ဖြေရှင်းရေး၊ အကျပ်အတည်းကို ရင်ဆိုင် ဖြေရှင်းရေး တို့ကို ဆောင်ရွက်ကာ ကျော်လွှားရန် ခက်သည့် ခဲရာခဲဆစ် အမျိုးမျိုးကို ကျော်လွှားပြီး လူ့လောက အံ့ဖွယ် များစွာကို လုပ်ဆောင် ဖန်တီးနိုင်ခဲ့ကြောင်း၊ မျက်မှောက်အချိန်တွင် အရေးအကြီးဆုံး တာဝန်သည် လက်ပင့်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်၍ ယခုအကြိမ် ပါတီညီလာခံမှ အရေးကြီး စီမံ ဆုံးဖြတ်ချက် များကို လက်တွေ့ကျကျ၊ အကျိုးသက်ရောက်မှုရှိရှိ ဖေါ်ဆောင်ပေးရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။