Donetsk မြို့ စီမံအုပ်ချုပ်ရေးအဆောက်အအုံ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုခံရ

(GMT+08:00)2022-10-17 15:30:52  

       ဒေသစံတော်ချိန် အောက်တိုဘာလ ၁၆ ရက်နေ့က Donetsk မြို့တော်ဝန် အာလျယ်ခ်ရှယ်ခုလျယ်မူဇင်က ယူကရိန်းတပ်ဖွဲ့သည် Donetsk မြို့ ဖူလိုရှီခိုဗ်ဒေသသို့ ဟိုင်မတ်စ် ဒုံးကျည်တစ်လုံးကို ပစ်ခတ်ပြီး မြို့စီမံခန့်ခွဲရေးအဆောက်အအုံကို ထိမှန်ခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် ယူကရိန်းနေရာဒေသများစွာ၌ လေကြောင်းတိုက်ခိုက်မှု သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။