ဂျကာတာ-ဘန်ဒေါင်းမြန်နှုန်းမြင့်ရထားလမ်းတစ်လျှောက်လုံး၏ Box girder တပ်ဆင်ဆောက်လုပ်ခြင်း လုပ်ငန်းပြီးမြောက်

(GMT+08:00)2022-10-17 14:37:33  

China Railway International Co., Ltdမှ သတင်းအရ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းတစ်လျှောက်လုံး၏ Box girder တပ်ဆင်ဆောက်လုပ်ခြင်း လုပ်ငန်းကို ချောမွေ့စွာ ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး သံလမ်းခင်းရန် အပြည့်အစုံအဆင်သင့်ဖြစ်၍ ၂၀၂၃ ခုနှစ် ဇွန်လတွင် စတင်ပြေးဆွဲရန်အတွက် အခြေခံအုတ်မြစ်ကို ခိုင်ခိုင်မာမာ ချထားပါကြောင်း သတင်းရရှိပါသည်။

ယင်းမြန်နှုန်းမြင့်ရထားလမ်းတည်ဆောက်ပြီးနောက် ဂျကာတာမှ ဘန်ဒေါင်းသို့ သွားရန် လက်ရှိ ၃နာရီမှ မိနစ် ၄၀ အထိ တိုသွားမည်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံစီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု၊ တရုတ်-အင်ဒိုနီးရှား ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးနှင့် “Belt and Road” အရည်အသွေး မြင့်မားစွာဖွံ့ဖြိုးတိုးတက်ရန် အတူတည်ဆောက်ရေး အတွက် အရေးပါသော အဓိပ္ပာယ်ရှိပါသည်။