အမေရိကန် ဌာနေတိုင်းရင်းသားလူမျိုး ကျောင်းအိပ်ကျောင်းစားကျောင်းမှ အသက်ရှင် ကျန်ရစ်သူက မိမိ၏ ကြေကွဲဖွယ်အတွေ့အကြုံများကိုပြောပြ

(GMT+08:00)2022-10-17 14:38:21  

      လူဖြူကိုလိုနီဝါဒီများသည် မြောက်အမေရိက ဌာနေတိုင်းရင်းသားလူမျိုးများအပေါ် ကျင့်သုံးသော လူမျိုးတုံးသတ်ဖြတ်ရေးမူဝါဒများထဲမှ တစ်ခုသည် ဌာနေတိုင်းရင်းသား လူမျိုးကလေးများအား ကျောင်းအိပ်ကျောင်းစားကျောင်းများသို့ အတင်းပို့ဆောင်ပေးခြင်း ဖြစ်ပါသည်။ ယခုနှစ် မေလတွင် အမေရိကန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အစီရင်ခံစာတွင် အမေရိကန် ဌာနေတိုင်းရင်းသားကလေး ၅၀၀ ကျော်သည် အမေရိကန်အစိုးရဖွင့်ထားသော ကျောင်းအိပ်ကျောင်းစားကျောင်းများတွင် သေဆုံး ခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

      စိုလ်ဇေသည် ယခုနှစ်တွင် အသက် ၇၈ နှစ်ရှိပါသည်။ ၄င်းသည် အသက် ၄ နှစ်တုန်းက South Dakota ပြည်နယ်ရှိ ဌာနေတိုင်းရင်းသားလူမျိုး ကျောင်းအိပ်ကျောင်းစား ကျောင်းသို့ ပိုဆောင်ခံခဲ့ပါသည်။ ယင်းကျောင်းတွင် ဌာနေတိုင်းရင်းသားလူမျိုး၏ ဘာသာစကားကို ပြောရန် ခွင့်မပြုကြောင်း၊ မိမိ၏ ဌာနေတိုင်းရင်းသားလူမျိုးကို ကိုယ်စားပြုသည့် ကျစ်ဆံမြီးရှည်ကိုလည်း အဖြတ်ခံခဲ့ရကြောင်း စိုလ်ဇေက ပြောပြခဲ့ပါသည်။

      အမေရိကန်သည် ဌာနေတိုင်းရင်းသားလူမျိုးကလေးများအား အတင်းခွဲထုတ်ခြင်းနှင့် ပြန်လည်နေရာချထားခြင်းမှတစ်ဆင့် ယဉ်ကျေးမှု တူညီစေရန်နှင့် မြေယာသိမ်းပိုက်ရန် ဆောင်ရွက်ခဲ့ပါသည်။ ယင်းသည် အဆက်ဆက်သော ဌာနတိုင်းရင်းသားလူမျိုးများအား မရေမတွက်နိုင်သော ဒဏ်ရာ များကို ဖြစ်စေခဲ့ပါသည်။