တရုတ်ကွန်မြူနစ်ပါတီ၏ အဓိက တာဝန်သည် အင်အားတောင့်တင်းသော ဆိုရှယ်လစ် ခေတ်မီနိုင်ငံဖြစ်အောင် ဘက်စုံ တည်ဆောက်ရန်၊ ဒုတိယ နှစ် ၁၀၀ ကြိုးပမ်းဆောင်ရွက်ရေး ရည်မှန်းချက်ကို ဖေါ်ဆောင်ရန်နှင့် တရုတ်အသွင်ပုံစံခေတ်မီရေးဖြင့် တရုတ်အမျိုးသား၏ မွန်မြတ်သော ရှင်သန်ရေးကို ဘက်စုံ တွန်းအားပေးရန် ဖြစ်သည်

(GMT+08:00)2022-10-16 14:37:32  

တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံကို ယခုလ ၁၆ ရက်နေ့ နံနက်ပိုင်းက ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ စတင်ကျင်းပခဲ့ပြီး ရှီကျင့်ဖိန်သည် (၁၉) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကိုယ်စား ညီလာခံသို့ အစီရင်ခံစာ တင်ပြခဲ့ပါသည်။

ရှီကျင့်ဖိန်က ယခုအချိန်မှစပြီး တရုတ်ကွန်မြူနစ်ပါတီ၏ အဓိက တာဝန်သည် တစ်ပြည်လုံး တိုင်းရင်းသား ပေါင်းစုံမှ ပြည်သူများကို စည်းလုံးညီညွတ်စွာ ဦးဆောင်ပြီး အင်အားတောင့်တင်းသော ဆိုရှယ်လစ် ခေတ်မီနိုင်ငံ ဖြစ်အောင် ဘက်စုံ တည်ဆောက်ရန်၊ ဒုတိယ နှစ် ၁၀၀ ကြိုးပမ်းဆောင်ရွက်ရေး ရည်မှန်းချက်ကို ဖေါ်ဆောင်ရန်နှင့် တရုတ်အသွင်ပုံစံခေတ်မီရေးဖြင့် တရုတ်အမျိုးသား၏ မွန်မြတ်သော ရှင်သန်ရေးကို ဘက်စုံ တွန်းအားပေးရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

တရုတ်အသွင်ပုံစံခေတ်မီရေးသည် တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်သော ဆိုရှယ်လစ် ခေတ်မီရေး ဖြစ်ပြီး နိုင်ငံအသီးသီးတို့၏ ခေတ်မီရေးဆိုင်ရာ ဘုံဝိသေသထူးခြားချက် ပါရှိသည့်အပြင် ကိုယ့်နိုင်ငံ၏ လက်တွေ့ အခြေအနေအပေါ် အခြေခံမူတည်သော တရုတ်ဝိသေသ ထူးခြားချက်လည်း ပါရှိပါသည်။ တရုတ်အသွင် ပုံစံခေတ်မီရေးသည် လူဦးရေ အတိုင်းအတာ ကြီးမားသော ခေတ်မီရေး၊ ပြည်သူတစ်ရပ်လုံး အတူ ချမ်းသာသော ခေတ်မီရေး၊ ရုပ်ပိုင်းယဉ်ကျေးမှုနှင့် စိတ်ပိုင်းယဉ်ကျေးမှု တွဲဖက်ထားသော ခေတ်မီရေး၊ လူနှင့် သဘာဝ သင့်မြတ်စွာ အတူယှဉ်တွဲသော ခေတ်မီရေးနှင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုး တိုးတက်ရေး လမ်းကြောင်းကို ဦးတည်သော ခေတ်မီရေး ဖြစ်ပါသည်။