အင်အားတောင့်တင်းသော ဆိုရှယ်လစ်ခေတ်မီနိုင်ငံဖြစ်အောင် ဘက်စုံတည်ဆောက်ရေး မဟာဗျူဟာ တစ်ခုလုံးကို ခြေလှမ်းနှစ်လှမ်းခွဲပြီး သွားမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2022-10-16 14:49:02  

တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံကို ယခုလ ၁၆ ရက်နေ့ နံနက်ပိုင်းက ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ စတင် ကျင်းပခဲ့ပြီး ရှီကျင့်ဖိန်သည် (၁၉) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကိုယ်စား ညီလာခံသို့ အစီရင်ခံစာ တင်ပြခဲ့ပါသည်။

ရှီကျင့်ဖိန်က အင်အားတောင့်တင်းသော ဆိုရှယ်လစ် ခေတ်မီနိုင်ငံ ဖြစ်အောင် ဘက်စုံ တည်ဆောက်ရေး မဟာဗျူဟာတစ်ခုလုံးကို ခြေလှမ်း နှစ်လှမ်းခွဲပြီး သွားမည် ဖြစ်ကာ၊ ၂၀၂၀ ပြည့်နှစ်မှ ၂၀၃၅ ခုနှစ်အထိ ဆိုရှယ်လစ် ခေတ်မီရေးကို အခြေခံအားဖြင့် အကောင်အထည်ဖေါ်ဆောင်ပြီး ၂၀၃၅ ခုနှစ်မှ ယခုရာစု အလယ်ပိုင်းအထိ တရုတ်နိုင်ငံကို အင်အားတောင့်တင်းသည့် ချမ်းသာပြီး ဒီမိုကရေစီကျသော၊ ယဉ်ကျေးပြီး သင့်မြတ်ဖေါ်ရွေသော သာယာလှပသော ဆိုရှယ်လစ် ခေတ်မီနိုင်ငံကို တည်ဆောက်မည် ဖြစ်ကြောင်း၊ လာမည့် ငါးနှစ်သည် ဆိုရှယ်လစ် ခေတ်မီရေးနိုင်ငံကို ဘက်စုံတည်ဆောက်ရန် စတင်မည့် သော့ချက်ကျသော အချိန်ကာလ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။