တူရကီကျောက်မီးသွေးတွင်း ပေါက်ကွဲမှု ဖြစ်ပွား၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ပြီးဆုံး

(GMT+08:00)2022-10-16 11:43:54  

    တူရကီနိုင်ငံ ဘာတန်ပြည်နယ် အာမာစ်လာဒေသရှိ ကျောက်မီးသွေး သတ္တုတွင်း တစ်ခုတွင် အောက်တိုဘာလ ၁၄ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူအများအပြားသည် ကျောက်မီးသွေးသတ္တုတွင်းတွင် ပိတ်မိခဲ့ရကြောင်း၊ ဒေသစံတော်ချိန် ၁၅ ရက်နေ့ ညနေပိုင်းက တူရကီသမ္မတ အာဒိုဂန်က ယခုအကြိမ် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် လူ ၄၁ ဦး သေဆုံးပြီး ကျန်ရှိသူအားလုံးသည် ကျောက်မီးသွေးတွင်းမှ လုံခြုံစွာ ထွက်ခါလာကြပြီဟု အခင်းဖြစ်ပွားရာနေရာတွင် ပြောကြားခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။