တရုတ်နိုင်ငံသည် လူနှင့်သဘာဝ သင့်မြတ်စွာ အတူယှဉ်တွဲရေး ရှုထောင့်မှ ဖွံ့ဖြိုးတိုးတက်ရေးကို စီမံ ခန့်ခွဲမည်ဟု အစီရင်ခံစာတွင် ဖေါ်ပြ

(GMT+08:00)2022-10-16 16:55:14  

    တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀)မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံတွင် ရှီကျင့်ဖိန်သည် (၁၉) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကိုယ်စား ညီလာခံသို့ အစီရင်ခံစာကို တင်ပြခဲ့ပါသည်။ အစီရင်ခံစာတွင် သဘာဝကို လေးစားခြင်း၊ သဘာဝနှင့် လိုက်လျောညီထွေ ဖြစ်ခြင်း၊ သဘာဝကို ထိန်းသိမ်းကာကွယ်ခြင်းတို့သည် ဆိုရှယ်လစ် ခေတ်မီနိုင်ငံကို ဘက်စုံ တည်ဆောက်ရန် အတွင်းပိုင်း လိုအပ်ချက် ဖြစ်ကြောင်း၊ စိမ်းလန်းစိုပြည်သော တောင်နှင့်ရေသည် ရွှေတောင်ငွေတောင်ပင် ဖြစ်သည်ဟူသော အတွေးအခေါ်ကို စွဲကိုင်ဖေါ်ဆောင်ရမည်ဖြစ်ပြီး လူနှင့် သဘာဝ သင့်မြတ်စွာ အတူ ယှဉ်တွဲရေး ရှုထောင့်မှ ဖွံ့ဖြိုးတိုးတက်ရေးကို စီမံခန့်ခွဲရမည် ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။