ရှီကျင့်ဖိန်သည် အီရတ်သမ္မတအသစ် Rashid ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2022-10-16 13:51:29  

      အောက်တိုဘာလ ၁၅ ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အီရတ်သမ္မတ နိုင်ငံ သမ္မတအဖြစ် ရွေးကောက်ခြင်းခံရသည့် Rashid ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

      ရှီကျင့်ဖိန်က တရုတ်နှင့် အီရတ် နှစ်နိုင်ငံ ချစ်ကြည်ရေးအစဉ်အလာ ရှိကြောင်း၊ ယခုနှစ်များတွင် နှစ်နိုင်ငံအကြား နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု ပိုမိုခိုင်မာလာပြီး နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာကြောင်း၊ မိမိသည် တရုတ်-အီရတ်ဆက်ဆံရေး တိုးတက်မှုကို အလွန် အလေးထားပြီး သမ္မတ Rashid နှင့်အတူ တရုတ်-အီရတ် မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး တိုးတက်မှုသစ်များရရှိရန် တွန်းအားပေးပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများ အတွက် အကျိုးပြုလိုပါကြောင်း သဝဏ်လွှာတွင် ဖော်ပြ ခဲ့ပါသည်။