တရုတ်ကွန်မြူနစ်ပါတီက ပြည်သူများကို ဦးဆောင်ပြီး တိုင်းပြည်ကို စောင့်ရှောက်ခြင်းသည် ပြည်သူများ၏ စိတ်ဆန္ဒကို စောင့်ရှောက်ခြင်းပင် ဖြစ်သည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2022-10-16 14:49:50  

   တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံကို ယခုလ ၁၆ ရက်နေ့ နံနက်ပိုင်းက ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ စတင် ကျင်းပခဲ့ပြီး ရှီကျင့်ဖိန်သည် (၁၉) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကိုယ်စား ညီလာခံသို့ အစီရင်ခံစာ တင်ပြခဲ့ပါသည်။

   ရှီကျင့်ဖိန်က တိုင်းပြည်သည် ပြည်သူများပင် ဖြစ်ပြီး ပြည်သူများသည် တိုင်းပြည်ပင် ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီက ပြည်သူများကို ဦးဆောင်ပြီး တိုင်းပြည်ကို စောင့်ရှောက်ခြင်းသည် ပြည်သူများ၏ စိတ်ဆန္ဒကို စောင့်ရှောက်ခြင်းပင် ဖြစ်ကြောင်း၊ တိုင်းပြည် စီမံအုပ်ချုပ်ရေး၏ အရင်းခံသည် ပြည်သူများအတွက် အကျိုးဆောင်ပေးခြင်း ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်၌ ပြည်သူများ၏ နေထိုင်မှုဘဝ တိုးတက် ကောင်းမွန်စေရေးနှင့် အာမခံပေးရေးကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ လက်တွဲ ကြိုးပမ်းပြီး သာယာသော နေထိုင်မှုဘဝကို ဖန်တီးရန် အားပေး၍ ပြည်သူများ၏ သာယာလှပသော နေထိုင်မှုဘဝအပေါ် မျှော်မှန်းချက် များကို အဆက်မပြတ် ဖေါ်ဆောင်ပေးရမည် ဖြစ်ကြောင်း၊ မိမိတို့သည် အကျယ်ပြန့်ဆုံးသော ပြည်သူများ၏ အရင်ခံ အကျိုးစီးပွားကို ကောင်းမွန်စွာ ဖေါ်ဆောင်၊ ထိန်းသိမ်း၊ တိုးတက်စေရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။