လွန်ခဲ့သည့်ဆယ်နှစ်အတွင်း မိမိတို့သည်ကြီးမားသောလက်တွေ့ကျသည့် အရေးပါမှုနှင့် နက်ရှိုင်းသောသမိုင်းဝင် အရေးပါမှုရှိသည့် ကိစ္စရပ် ၃ ရပ်ကို တွေ့ကြုံခဲ့သည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2022-10-16 15:53:25  

     တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံကို ယခုလ ၁၆ ရက်နေ့ နံနက်ပိုင်းက ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ စတင် ကျင်းပခဲ့ပြီး ရှီကျင့်ဖိန်သည် (၁၉) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ကိုယ်စား ညီလာခံသို့ အစီရင်ခံစာ တင်ပြခဲ့ပါသည်။

      ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ(၁၈) ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပပြီးချိန်မှစပြီး ဆယ်နှစ်ကြာခဲ့ပြီဖြစ်ကြောင်း၊ လွန်ခဲ့သည့် ဆယ်နှစ်အတွင်း ပါတီနှင့်ပြည်သူလုပ်ငန်းအတွက် ကြီးမားသောလက်တွေ့ကျသည့်အရေးပါမှုနှင့် နက်ရှိုင်းသောသမိုင်းဝင် အရေးပါမှုရှိသည့် ကိစ္စရပ် ၃ ရပ်ကို မိမိတို့ တွေ့ကြုံခဲ့ကြောင်း၊ ပထမအချက်မှာ-  တရုတ်ကွန်မြူနစ်ပါတီတည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်မြောက်ခြင်း၊ ဒုတိယအချက်မှာ-တရုတ်ထူးခြားချက်ဝိသေသပါရှိသော ဆိုရှယ်လစ်စနစ်သည် ခေတ်ကာလ သစ်သို့ ဝင်ရောက်လာပြီဖြစ်ပြီး တတိယအချက်မှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အသင့်အတင့်ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်း ဘက်စုံတည်ဆောက်ရေး သမိုင်းဝင်တာဝန်ကို ပြီးမြောက်ပြီး ပထမ နှစ်၁၀၀ ကြိုးပမ်းဆောင်ရွက်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ခြင်းတို့ဖြစ်ကြောင်း ပြောကြားပါသည်။