ဗြိတိန်စီးပွါးရေးပေါ်လစီတွင် အမှားရှိသည်ဟု ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးသစ် ဝန်ခံ

(GMT+08:00)2022-10-16 11:46:06  

ယခုလ ၁၅ ရက်နေ့က ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးသစ် ဂျယ်ရီမီိဟိန်တယ်သည် ယခင်က ဗြိတိန်အစိုးရမှ ချမှတ်ခဲ့သော ဘဏ္ဍာရေးပေါ်လစီမှာ အလျင်စလိုဖြစ်ပြီး အထူးသဖြင့် အကြီးအကျယ် အခွန်လျှော့ချခြင်းကိစ္စရပ်များတွင် အမှားရှိသည်ဟု ပြောကြားခဲ့ကြောင်း သိရပါ သည်။

       ယခင်ကရေးဆွဲခဲ့သော ဘဏ္ဍာရေးမူဝါဒသည် မျှော်မှန်းချက်နှင့်ပတ်သက်၍ "မျက်စိကန်းလျက် အကောင်းမြင်" လွန်းပြီး သာမန်ပြည်သူများ၏ အခြေခံတောင်းဆိုချက်များကို လျစ်လျူရှုကာ အစိုးရ၏ ယုံကြည်မှုကို ပျက်ပြားစေသည်ဟု ဟိန်တယ်ကပြောကြားခဲ့သည်။ ဟိန်တယ်က လက်ရှိရှုပ်ထွေးပြီး စိန်ခေါ်မှုများ ပြည့်နှက်နေသော နိုင်ငံတကာနှင့် ပြည်တွင်းပတ်ဝန်းကျင်တွင် ချေးငှားခြင်းဖြင့် အခွန်လျှော့ချရန် အသုံးဝင်ခြင်းမရှိဘဲ ချမ်းသာသူများ၏ အခွန်လျှော့ချခြင်းသည် ပိုမိုမှားယွင်းခဲ့ကြောင်း အလေးပေး ပြောကြားခဲ့သည်။