ယူကရိန်းစစ်သား ၂၀၀၀ခန့် ပြင်သစ်သို့ လာရောက်လေ့ကျင့်မည်ဟု ပြင်သစ်ကာကွယ်ရေးဝန်ကြီးဆို

(GMT+08:00)2022-10-16 11:45:32  

       ယူကရိန်းစစ်သား ၂၀၀၀ ခန့်သည် ပြင်သစ်သို့ ရက်သတ္တပတ်များစွာ လာရောက်လေ့ကျင့်မည်ဟု ပြင်သစ်ကာကွယ်ရေးဝန်ကြီး စီဘာစ်တီအန်လီခိုနီက ပြောကြားခဲ့ကြောင်း၊ အဆိုပါ လေ့ကျင့်ရေး စီမံချက်သည် ယူကရိန်းအတွက် စစ်သား ၁၅၀၀၀ ကိုလေ့ကျင့်ပေးရန် ဥရောပသမဂ္ဂ အစီအစဉ်၏ တစ်စိတ် တစ်ပိုင်းဖြစ်ကြောင်း သိရပါသည်။

       ပြင်သစ်နိုင်ငံသည် လာမည့်နှစ်လအတွင်း ယူကရိန်းသို့ "Sidewinder" လေကြောင်းရန် ကာကွယ်ရေး စနစ်ကို ပေးပို့မည်ဖြစ်ကြောင်း လီခိုနီက အတည်ပြုပြောကြားခဲ့သည်။ ပြင်သစ်သည် ယူကရိန်းအားမြေပြင်မှ မြေပြင်ပစ်ဒုံးကျည်များ ပံ့ပိုးပေးရန် လိုအပ်ခြင်းရှိ၊မရှိ လေ့လာနေကြောင်း၊ ပြင်သစ်နိုင်ငံသည် ယူရိုငွေ သန်း ၁၀၀ ရန်ပုံငွေကို တည်ထောင်ပြီး ယူကရိန်းသည် ယင်းရန်ပုံငွေကို အသုံးပြုပြီး ပြင်သစ် ကုမ္ပဏီများထံမှ ကုန်ပစ္စည်းများဝယ်ယူနိုင်ကြောင်းလည်း ၄င်းက ပြောကြားခဲ့ပါသည်။