ပြင်သစ်ရှိ ဓါတ်ဆီဆိုင် ၂၇.၃ ရာခိုင်နှုန်းသည် ရောင်းချရန် ဓါတ်ဆီ မလုံလောက်သေး

(GMT+08:00)2022-10-16 11:44:44  

အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပြင်သစ်အစိုးရက ပြင်သစ်နိုင်ငံတွင် ရေနံ ပြတ်လပ်မှု အခြေအနေ အနည်းငယ်လျော့ပါးပြီ ဖြစ်သော်လည်း လက်ရှိအချိန်တွင် ဓါတ်ဆီဆိုင် ၂၇.၃ ရာခိုင်နှုန်းသည် ရောင်းချရန် ဓါတ်ဆီ မလုံလောက်သေးကြောင်း၊ ပါရီမြို့တည်ရှိရာ Île-de-France ဒေသကြီးတွင် ဓါတ်ဆီရောင်းချရန် အခက်အခဲရှိနေသေးပြီး ၃၉ .၉ ရာခိုင်နှုန်း ဓါတ်ဆီဆိုင်များသည် အနည်းဆုံး ဓါတ်ဆီ ၁ မျိုး ပြတ်လပ်နေကြောင်း ပြောကြားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။