“အလင်းရောင် ရုပ်ရှင်ရုံ” သည် အမြင်အာရုံချို့ယွင်းသူများအတွက် ရုပ်ရှင်များကို “ကြည့်ရှု” နားလည်ရန် ကူညီဆောင်ရွက်ပေး

(GMT+08:00)2022-10-16 13:52:07  

      “အလင်းရောင် ရုပ်ရှင်ရုံ” သည် ပရဟိတလုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး မေတ္တာနှင့် လေးစားမှုဖြင့် အမြင်အာရုံချို့ယွင်းသူများအတွက် အခြားပြတင်းပေါက်တစ်ခု ဖွင့်ပေးပါသည်။ အရင်တုန်းက "ရုပ်ရှင်ကြည့်ခြင်း"သည် အမြင်အာရုံချို့ယွင်းသူများအတွက် မဖြစ်နိုင်သောကိစ္စ ဖြစ်သော်လည်း ယခုဆိုလျှင် ၄င်းတို့၏ နေ့စဉ် လုပ်နိုင်သောကိစ္စဖြစ်လာပါသည်။  ၂၀၁၇ ခုနှစ်က စပြီး တရုတ် Communication တက္ကသိုလ် မှ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများသည် ရုပ်ရှင်များတွင် ရှင်းလင်းချက်များကို ထည့်သွင်း ပေးထားပြီး အမြင်အာရုံချို့ယွင်းသူများအား ရုပ်ရှင်များကို “ကြည့်ရှု” နားလည်စေရန် ဆောင်ရွက် ခဲ့ပါသည်။ ၄င်းတို့သည် ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ရုပ်ရှင်ကား ၁၀၀ ကျော်ကို ရှင်းလင်းချက်များထည့်သွင်းပေးခဲ့ကြပါသည်။