တရုတ်နိုင်ငံသည် ဗိုလ်ကျစိုးမိုးမှုနှင့် ချဲ့ထွင်မှုကို မည်သည့်အခါမျှ ပြုလုပ်မည်မဟုတ်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2022-10-16 15:46:53  


     တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံကို ယခုလ ၁၆ ရက်နေ့ နံနက်ပိုင်းက ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ စတင် ကျင်းပခဲ့ပြီး ရှီကျင့်ဖိန်သည် ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ကိုယ်စား ညီလာခံသို့ အစီရင်ခံစာ တင်ပြခဲ့ပါသည်။

      ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် လွတ်လပ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်မှု ရှိသော ငြိမ်းချမ်းသည့် နိုင်ငံခြားရေးမူဝါဒကို ပြတ်ပြတ်သားသား ကျင့်သုံးပြီး အကြောင်းကိစ္စများ၏ မူရင်း အမှားအမှန်အရ မိမိ၏ ရပ်တည်ချက်နှင့် မူဝါဒကို ဆုံးဖြတ်ကာ နိုင်ငံတကာဆက်ဆံရေး၏ အခြေခံမူများကို ထိန်းသိမ်းကာကွယ်ပြီး နိုင်ငံတကာတရားမျှတမှုကို ထိန်းသိမ်းကာကွယ်ကာ ဗိုလ်ကျစိုးမိုးရေးဝါဒနှင့် ဗိုလ်ကျမှု နိုင်ငံရေး မှန်သမျှကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး စစ်အေးတိုက်ပွဲအတွေးအခေါ်ကို ဆန့်ကျင်၍ အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းနှင့် စံနှုန်း နှစ်မျိုးထားခြင်းကို ဆန့်ကျင်ကြောင်း၊ တရုတ်နိုင်ငံသည် ဗိုလ်ကျစိုးမိုးမှုနှင့် ချဲ့ထွင်မှုကို မည်သည့်အခါမျှ ပြုလုပ်မည်မဟုတ်ကြောင်း ပြောကြားပါသည်။