တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံကို ယခုလ ၁၆ ရက်နေ့ နံနက်ပိုင်းက ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ စတင် ကျင်းပခဲ့ပြီး ရှီကျင့်ဖိန်သည် (၁၉) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကိုယ်စား ညီလာခံသို့ အစီရင်ခံစာ တင်ပြခဲ့ပါသည်။
ရှီကျင့်ဖိန်က မိမိတို့သည် အရည်အချင်း မြင့်မားသော ဆိုရှယ်လစ်ဈေးကွက် စီးပွားရေး စနစ်ကို ဖွဲ့စည်း တည်ထောင်ရမည် ဖြစ်ကြောင်း၊ ဆိုရှယ်လစ် အခြေခံ စီးပွားရေး စနစ်ကို စွဲကိုင်ပြီး ပိုမို ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အများပိုင်စနစ် စီးပွားရေး ခိုင်ခံ့ တိုးတက်ရေးကို ဦးလည်မသုန် ဆောင်ရွက်မည် ဖြစ်ပြီး အများပိုင်မဟုတ်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဦးလည်မသုန် အားပေး ထောက်ခံ လမ်းညွှန် ပေးမည် ဖြစ်ကြောင်း၊ ခေတ်မီ ကုန်ထုတ်လုပ်မှု စည်းစနစ်ကို တည်ဆောက်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကအချက်ကို real economyအပေါ် ထားခြင်း စွဲကိုင်မည် ဖြစ်ကြောင်း၊ အမျိုးအစားသစ် စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးကို တွန်းအားပေးပြီး ကုန်ထုတ်လုပ်မှု အားကောင်းနိုင်ငံ၊ အရည်အသွေး အားကောင်းနိုင်ငံ၊ အာကာသလုပ်ငန်း အားကောင်းနိုင်ငံ၊ လမ်းပန်းဆက်သွယ်ရေး အားကောင်းနိုင်ငံ၊ ဆိုက်ဘာ ကွန်ရက် အားကောင်းနိုင်ငံ၊ ဒီဂျစ်တယ် အားကောင်းနိုင်ငံ ဖြစ်လာအောင် လျင်မြန်စွာ တည်ဆောက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။