တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို တက်ရောက်မည့် ကိုယ်စားလှယ် အားလုံး စာရင်းသွင်းပြီးပြီ

(GMT+08:00)2022-10-15 11:22:55  

      တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို တက်ရောက်မည့် ကိုယ်စားလှယ်များသည် တရုတ်နိုင်ငံ အနယ်နယ်အရပ်ရပ်မှ မြို့တော် ပေကျင်းတွင် စုဝေးခဲ့ကြသည်။ ညီလာခံကိုတက်ရောက်မည့် ကိုယ်စားလှယ်အားလုံး ၁၄ ရက်နေ့တွင် စာရင်းသွင်းပြီးပြီဖြစ်သည်။

      တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံသည် လာမည့်ငါးနှစ် သို့မဟုတ် ထိုထက်ပို၍ ကြာရှည်သောအချိန်အတွင်း ပါတီနှင့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်များ၊ လုပ်ငန်း တာဝန်များနှင့် အဓိကမူဝါဒများကို သိပ္ပံနည်းကျ စီစဉ်မည်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာညီလာခံ ကိုယ်စားလှယ်များအနေဖြင့် မိမိတို့တွင် တည်ကြည်လေးနက်သော တာဝန် ဝတ္တရားများရှိပြီး မိမိတို့၏တာဝန်များကို သမာသမတ်ကျကျ ကျေပွန်စွာ ထမ်းဆောင်မည်ဖြစ်ကာ ယခုအကြိမ်ညီလာခံကို စည်းလုံးညီညွတ်ပြီး အောင်မြင်သောညီလာခံ ဖြစ်အောင် ကျင်းပသွားမည်ဖြစ်ကြောင်း ဖေါ်ပြ ကြပါသည်။