ချန်တူး-ဥရောပ-အာဖရိက ရထားလမ်း-ပင်လယ်ရေကြောင်း ပူးတွဲပို့ဆောင်ရေးလိုင်း စတင်

(GMT+08:00)2022-10-15 15:32:53  

       အောက်တိုဘာလ ၁၅ ရက်နေ့က ချန်တူး-ဥရောပ-အာဖရိက ရထားလမ်း-ပင်လယ်ရေကြောင်း ပူးတွဲ ပို့ဆောင်ရေးလိုင်းစတင်ပြီး နံနက်ပိုင်း ၁၀ နာရီက ကုန်ပစ္စည်းများ သယ်ဆောင် ထားသော ပထမဆုံးရထားသည် စီချွမ်းပြည်နယ် ချန်တူးမြို့မှ ထွက်ခွာခဲ့သည်။ ယင်းပို့ဆောင်ရေးလိုင်းသည် ချန်တူးမြို့၊ ဥရောပတိုက်နှင့် အာဖရိကတိုက်ကို ဆက်သွယ်စေပြီး ကုန်ပစ္စည်းများကို တရုတ်-ဥရောပ ရထားလိုင်းဖြင့် ဂျာမဏီနိုင်ငံ ဟမ်ဘတ်မြို့သို့ ပို့ဆောင်ပြီး ဟမ်ဘတ် ဆိပ်ကမ်းမှ ပင်လယ်ရေကြောင်းလိုင်းဖြင့် အာဖရိကတိုက် မော်ရိုကိုနိုင်ငံ ကာဆာဘလန်ကာ ဆိပ်ကမ်းအထိ ပို့ဆောင်မည်ဖြစ်ကာ ခရီးစဉ်တစ်ရပ်လုံး စုစုပေါင်း ၃၅ ရက်ကြာ လိုအပ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။