တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ၏ ကိုယ်စားလှယ်များ အရည်အချင်း စိစစ်ရေးကော်မတီမှ စိစစ်ခြင်းဖြင့် ကိုယ်စားလှယ် ၂၂၉၆ ဦး၏ အရည်အချင်းမှန်ကန်ကြောင်း အတည်ပြု

(GMT+08:00)2022-10-15 18:49:56  

   တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပခဲ့ပါသည်။

   ပါတီညီလာခံ၏ ပြောရေးဆိုခွင့်ရှိသူက တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ၏ ကိုယ်စားလှယ်များ အရည်အချင်း စိစစ်ရေး ကော်မတီမှ စိစစ်ခြင်းဖြင့် ကိုယ်စားလှယ် ၂၂၉၆ ဦး၏ အရည်အချင်း မှန်ကန်မှုကို အတည်ပြုခဲ့ကြောင်း၊ ၄င်းတို့သည် ပါတီအခြေခံအဖွဲ့အစည်း ၄၉ သိန်းကျော်နှင့် ပါတီဝင် ၉၆ သန်းကျော် ကိုယ်စား တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံသို့ တက်ရောက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။