အသစ်ရွေးကောက်တင်မြှောက်သောတရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း ကော်မတီဝင်များသည် ပြည်တွင်းပြည်ပမှ သတင်းထောက်များနှင့် တွေ့ဆုံမည်

(GMT+08:00)2022-10-15 18:50:24  

  တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ပီကင်းပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပခဲ့ပါသည်။

   ပါတီညီလာခံ၏ ပြောရေးဆိုခွင့်ရှိသူက တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ ကျင်းပပြီးစီးပြီးနောက် အကြိမ် (၂၀) မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ကျင်းပမည် ဖြစ်ကြောင်း၊ ယင်းအစည်းအဝေးအပြီးတွင် အသစ်ရွေးကောက်တင်မြှောက်သော တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်များသည် ပြည်တွင်း ပြည်ပမှ သတင်းထောက်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။