တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို ယခုလ ၁၆ ရက်နေ့တွင် ပီကင်း၌ ကျင်းပမည်၊ ရေဒီယိုနှင့်ရုပ်မြင်သံကြား၊ သတင်းဝက်ဘ်ဆိုက်များမှ တိုက်ရိုက် ထုတ်လွှင့်မည်

(GMT+08:00)2022-10-15 10:56:37  

      တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) ‌မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို ယခုလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး တွင် စတင် ကျင်းပမည်ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

      ထိုအချိန်တွင် China Media Group နှင့် ဆင်ဟွာသတင်းဌာနတို့သည် အချိန်နှင့်တစ်ပြေးညီ တိုက်ရိုက် ထုတ်လွှင့်မည်ဖြစ်ပြီး တစ်ပြည်လုံးမှ ရေဒီယိုနှင့် ရုပ်မြင်သံကြား၏ အဓိက လှိုင်းနှုန်း များနှင့် ပင်မချန်နယ်များ၊ သတင်းဝက်ဘ်ဆိုက်များ၊ မီဒီယာသစ် ပလက်ဖောင်းများ၊ အဆောက်အဦးများ၏ပြင်ပ မျက်နှာပြင်ကျယ် Screen များနှင့် မိုဘိုင်းတီဗီများတွင် တစ်ပြိုင်တည်း ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရပါသည်။