“ရှီကျင့်ဖိန်၏ ဆင်းရဲမှု လျှော့ချရေး ခြေရာများ” နှင့် “ရှီကျင့်ဖိန်၏ အသင့်အတင့် ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်း စိတ်နှလုံး” စာအုပ် ဖြန့်ချိ ထုတ်ဝေ

(GMT+08:00)2022-10-15 19:56:39  

   မကြာမီက “ရှီကျင့်ဖိန်၏ ဆင်းရဲမှု လျှော့ချရေး ခြေရာများ”နှင့် “ရှီကျင့်ဖိန်၏ အသင့်အတင့် ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်း စိတ်နှလုံး” စာအုပ်နှစ်အုပ်ကို တစ်ပြည်လုံး၌ ဖြန့်ချိ ထုတ်ဝေခဲ့ပါသည်။

  အထက်ပါ စာအုပ် နှစ်အုပ် ဖြန့်ချိထုတ်ဝေခြင်းသည် ရဲဘော် ရှီကျင့်ဖိန်ကို အမှူးထားသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက ပါတီတစ်ရပ်လုံးနှင့် တစ်ပြည်လုံးမှ တိုင်းရင်းသား ပေါင်းစုံမှ ပြည်သူများကို ဦးဆောင်ပြီး အသင့်အတင့် ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်း နေထိုင်မှုဘဝ အကောင်အထည် ဖေါ်ဆောင်ခြင်းနှင့် ဆင်းရဲမှု လျှော့ချခြင်းဆိုင်ရာ ထူးချွန်သော ဖြစ်စဉ်များနှင့် မွန်မြတ်သော အောင်မြင်မှုများကို လူအများအား ပိုမို နက်ရှိုင်းစွာ နားလည်သိရှိစေနိုင်မည် ဖြစ်ကြောင်း၊ ကေဒါခေါင်းဆောင်များနှင့် ပြည်သူ လူထုများက ဒုတိယ နှစ် ၁၀၀ ကြိုးပမ်းဆောင်ရွက်ရေး ရည်မှန်းချက် ဖေါ်ဆောင်ရန်နှင့် ပိုမို သာယာလှပသော ဘဝကို ဖန်တီးရန်အတွက် အားမာန်ပြည့်ဖြိုးစွာ ချီတက်ကြဖို့ အားပေးမည်ဖြစ်ကြောင်း China Media Group မှ သတင်းတွင် ရေးသားဖေါ်ပြထားပါသည်။