တရုတ်နိုင်ငံ တည်ဆောက်ထားသော အသင့်အတင့် ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်းသည် “ရာနှုန်းပြည့်” ဖြစ်သည်ဟု ပါတီညီလာခံ ပြောရေးဆိုခွင့်ရှိသူဆို

(GMT+08:00)2022-10-15 21:06:47  

 

တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ ပြောရေး ဆိုခွင့်ရှိသူ စွင်ယဲ့လီက တရုတ်နိုင်ငံ တည်ဆောက်ထားသော အသင့်အတင့် ချမ်းသာသော လူ့ဘောင် အဖွဲ့အစည်းသည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး ဆောင်ရွက်ခါစက ခန့်မှန်းချက်ကို များစွာ ကျော်လွန်ပြီ ဖြစ်ပြီး “ရာနှုန်းပြည့်” ဖြစ်ကာ စမ်းသပ်မှုများကို ခံနိုင်ပါကြောင်း၊ တရုတ်နိုင်ငံ၏ လာမည့် ရည်မှန်းချက်သည် အင်အားတောင့်တင်းသော ဆိုရှယ်လစ် ခေတ်မီနိုင်ငံကို ဘက်စုံ တည်ဆောက်ရန် ဖြစ်ကြောင်း ယခုလ ၁၅ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့ပါသည်။

 စွင်ယဲ့လီက အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပမည့် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံတွင် အင်အားတောင့်တင်းသော ဆိုရှယ်လစ် ခေတ်မီနိုင်ငံကို ဘက်စုံ တည်ဆောက်ရေး “ခြေလှမ်း နှစ်လှမ်း” မဟာဗျူဟာအစီအစဉ်ကို မက္ကရို မျှော်မှန်းချက်များ ပြုလုပ်မည်ဖြစ်ပြီး လာမည့်ငါးနှစ်အတွင်း မဟာဗျူဟာ တာဝန်များနှင့် အရေးကြီး ဆောင်ရွက်ချက်များကို အဓိကထား စီမံခန့်ခွဲမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။