
တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ ပြောရေး ဆိုခွင့်ရှိသူ စွင်ယဲ့လီက Dynamic zeroing သည် တရုတ်နိုင်ငံ၏ လက်တွေ့အခြေအနေအပေါ် မူတည်ပြီး သိပံ္ပပညာ ဥပဒေသအရ ချမှတ်သော ကူးစက်ရောဂါ ကာကွယ်ရေး မူဝါဒ ဖြစ်ကြောင်း၊ ပြည်သူ့ အသက် လုံခြုံရေးနှင့် ကျန်းမာရေးကို ပထမ နေရာ၌ ထားရှိခြင်းသည် တရုတ်နိုင်ငံ၏ ကူးစက်ရောဂါ ထိန်းချုပ် ကာကွယ်ရေးဆိုင်ရာ အရင်းခံ မူတည်ရာအချက် ဖြစ်ကြောင်း၊ ခြုံပြီးကြည့်လျှင် တရုတ်နိုင်ငံ၏ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ဆောင်ရွက်မှုများသည် စရိတ်အသက်သာဆုံး၊ အာနိသင်အကျိုးသက်ရောက်မှု အကောင်းဆုံး ဖြစ်ကြောင်း ယခုလ ၁၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။









