တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ သဘာပတိအဖွဲ့က ပထမအကြိမ် အစည်းအဝေး ကျင်းပ၊ ရှီကျင့်ဖိန်သည် အစည်းအဝေး တက်ရောက်ပြီး မိန့်ခွန်း ပြောကြား

(GMT+08:00)2022-10-15 20:00:32  

တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ သဘာပတိအဖွဲ့က အောက်တိုဘာလ ၁၅ ရက်နေ့ ညနေပိုင်းတွင် ပြည်သူ့ခန်းမ ဆောင်ကြီး၌ ပထမအကြိမ် အစည်းအဝေး ကျင်းပခဲ့သည်။ ရဲဘော် ရှီကျင့်ဖိန်သည် အစည်းအဝေးသို့ တက်ရောက်ပြီး အရေးကြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ရှေးဦးစွာ ပါတီညီလာခံ၏ အတွင်းရေးမှူးချုပ် ဝမ်ဟုနင်၏ ဦးစီးမှုဖြင့် လက်မြှောက် မဲပေးသော ပုံစံဖြင့် ရဲဘော် ရှီကျင့်ဖိန် အပါအဝင် လူ ၄၆ ဦးဖြင့် ဖွဲ့စည်းထားသော သဘာပတိအဖွဲ့ အမြဲတမ်းကော်မတီ အမည်စာရင်းကို အတည်ပြုခဲ့ပါသည်။

ထို့နောက် ရဲဘော်ရှီကျင့်ဖိန်၏ ဦးစီးမှုဖြင့် ဆွေးနွေးအတည်ပြုမှုများကို ပြုလုပ် ခဲ့ပါသည်။

အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံမှ ကိုယ်စားလှယ်များ အရည်အချင်း စိစစ်ရေး ကော်မတီ၏ ကိုယ်စားလှယ်များ အရည်အချင်း စိစစ်ရေး အစီရင်ခံစာကို အတည်ပြုခဲ့ပါသည်။

အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ ရွေးကောက်တင်မြှောက်ရေးနည်းလမ်း (မူကြမ်း)ကို အတည်ပြု ခဲ့ပြီး ကိုယ်စားလှယ်အဖွဲ့များ စိစစ်ဆွေးနွေးရန် တင်ပြမည် ဖြစ်ပါသည်။

အစည်းအဝေးတွင် ပါတီညီလာခံ၏ လေ့လာအကဲခတ်သူများနှင့် ဧည့်သည်တော်များ ရေးရာကိုလည်း အတည်ပြုခဲ့ပါသည်။

ယခုအကြိမ် သဘာပတိ အစည်းအဝေးတွင် ပါတီညီလာခံ၏ အစီအစဉ်ကိုလည်း အတည်ပြုခဲ့ပါသည်။