တရုတ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်သော အစဉ်တစိုက် နေရာဖြစ်မည်ဟု ပါတီညီလာခံ ပြောရေးဆိုခွင့်ရှိသူ ဆို

(GMT+08:00)2022-10-15 21:16:44  

  တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ ပြောရေးဆိုခွင့်ရှိသူ စွင်ယဲ့လီက တံခါးဖွင့်ရေးသည် တရုတ်နိုင်ငံ၏ အခြေခံ နိုင်ငံတော်မူဝါဒ ဖြစ်ပြီး ကမ္ဘာကြီး မည်သို့ပင် ပြောင်းလဲ ပြောင်းလဲ တရုတ်နိုင်ငံ၏ တံခါးဖွင့်ရေးသန္နိဋ္ဌာန်သည် ယိမ်းခါမည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံသည် ပိုမို ကျယ်ပြန့်သော၊ နယ်ပယ် ပိုမို များပြားသော၊ ပိုမို နက်ရှိုင်းသော တံခါးဖွင့်ရေးကို ဦးလည်မသုန် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်သော နေရာ အစဉ်တစိုက် ဖြစ်မည် ဖြစ်ကြောင်း ယခုလ ၁၅ ရက်နေ့က ပီကင်း၌ ပြောကြားပါသည်။