ဥရောပ၏ စီးပွားရေး အလားအလာ မကောင်းကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF)ဆို

(GMT+08:00)2022-10-15 12:53:57  

      အောက်တိုဘာလ ၁၄ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဥရောပရေးရာဌာန ဌာနမှူး Alfred Kammer က ရုရှားနှင့် ယူကရိန်း ပဋိပက္ခသည် ဥရောပစီးပွားရေးအတွက် ဆုံးရှုံးမှုများ ပိုများစွာ ဖြစ်စေနေကြောင်း၊ ရုရှားမှ ဥရောပသို့ ပို့ဆောင်သော သဘာဝ ဓာတ်ငွေ့ ပမာဏသည် ၈၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာကာ စီးပွားရေးလုပ်ငန်းနှင့် လူနေမှုစရိတ်များ မြင့်တက်လာခြင်းကြောင့် ဥရောပတွင် ငွေကြေး ဖောင်းပွမှု အကျပ်အတည်းကို ရင်ဆိုင်စေခဲ့ကြောင်း ထိုနေ့ ကျင်းပသော ၂၀၂၂ ခုနှစ် IMF နှင့် ကမ္ဘာ့ဘဏ်အုပ်စု  နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။