အမေရိကန်သည် ယူကရိန်းအား ဒေါ်လာ ၇၂၅ သန်း တန်ဖိုးရှိသော စစ်ရေးအကူအညီများ ထပ်မံ ပေးအပ်

(GMT+08:00)2022-10-15 12:49:58  

    အောက်တိုဘာလ ၁၄ ရက်နေ့က အမေရိကန် အိမ်ဖြူတော်ဝက်ဘ်ဆိုက်မှ အမေရိကန်သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးသော အမှာစာတမ်းကို ထုတ်ပြန်ခဲ့ရာ အမေရိကန်နိုင်ငံသည် ယူကရိန်းနိုင်ငံအား အမေရိကန်ဒေါ်လာ ၇၂၅ သန်း တန်ဖိုးရှိသော စစ်ရေးအကူအညီများကို ပေးအပ်ပြီး ယင်းထဲတွင် ခဲယမ်း၊ မော်တော်ယာဉ်၊ ကာကွယ်ရေး ပစ္စည်းနှင့် စစ်ရေး လေ့ကျင့်ပေးရေးတို့ပါဝင်ကြောင်း ကြေညာခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။