ဂျာမဏီမှ ပေးအပ်သော ပထမဆုံး ဒုံးကျည်လေကြောင်းရန်ကာကွယ်ရေးစနစ် ယူကရိန်း တောင်ပိုင်းဒေသတွင် စတင်အသုံးပြုပြီ

(GMT+08:00)2022-10-15 12:49:46  

    ယူကရိန်းနိုင်ငံသတင်းဌာနမှ အောက်တိုဘာလ ၁၄ ရက်နေ့က သတင်း ထုတ်ပြန်ချက်အရ ဂျာမဏီနိုင်ငံမှ ယူကရိန်းနိုင်ငံအား ပေးအပ်သော ပထမဆုံး IRIS-T ဒုံးကျည်လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ယူကရိန်းနိုင်ငံတောင်ပိုင်းဒေသတွင် စတင် အသုံးပြုပြီ ဖြစ်ကြောင်း၊ ယူကရိန်းနိုင်ငံသည် ဂျာမဏီနိုင်ငံမှ ပေးအပ်မည့် အခြား ဒုံးကျည် လေကြောင်းရန် ကာကွယ်ရေးစနစ်များကို စောင့်နေသည်ဟု ယူကရိန်းလေတပ် စစ်ဦးစီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ Yuriy Ignat က ထိုနေ့တွင် ကြေညာခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။