နိုင်ဂျီးရီးယား သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်ပြီး ရှီကျင့်ဖိန်က နိုင်ဂျီးရီးယား သမ္မတအား နှစ်သိမ့်သဝဏ်လွှာ ပေးပို့

(GMT+08:00)2022-10-15 15:30:18  

   အောက်တိုဘာလ ၁၃ ရက်နေ့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုင်ဂျီးရီးယား သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်ပြီး နိုင်ဂျီးရီးယား သမ္မတ ဘူဟာရီအား နှစ်သိမ့်သဝဏ်လွှာ ပေးပို့ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က တရုတ်အစိုးရနှင့် ပြည်သူများ ကိုယ်စား ကွယ်လွန်သူများအပေါ် လွန်စွာ ဝမ်းနည်းကြေကွဲကြောင်း၊ ကျန်ရစ်သူ မိသားစုများအား စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်ပါကြောင်း ဖေါ်ပြထားပါသည်။

နိုင်ဂျီးရီးယားနိုင်ငံ အာနမ်ဘရာပြည်နယ်တွင် သင်္ဘောနစ်မြုပ်မှု ဖြစ်ပွားခဲ့ရာ လူအမြောက်အမြား သေကျေဒဏ်ရာ ရရှိခဲ့သည်ဟု သတင်းရရှိပါသည်။