ရှီကျင့်ဖိန်နှင့်မော်လ်ဒိုက်သမ္မတဆာလာဟ်တို့သည် တရုတ်-မော်လဒိုက် သံတမန်ဆက်ဆံရေး ထားရှိခြင်း နှစ် (၅၀) ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ အပြန်အလှန် ပေးပို့

(GMT+08:00)2022-10-15 10:57:55  

      အောက်တိုဘာလ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မော်လ်ဒိုက်သမ္မတ ဆာလာဟ် တို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထားရှိခြင်း နှစ် (၅၀) ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို အပြန်အလှန်ပေးပို့ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

      ရှီကျင့်ဖိန်က တရုတ်-မော်လ်ဒိုက်ချစ်ကြည်ရေးဆက်ဆံမှုသည် ရှည်လျားသော သမိုင်းကြောင်းရှိ ကြောင်း၊ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထားရှိခဲ့သည့် နှစ် (၅၀) အတွင်း နှစ်နိုင်ငံတို့သည် အပြန်အလှန် လေးစားပြီး အပြန်အလှန်ထောက်ခံ၍ နိုင်ငံ ကြီးငယ်မရွေး တန်းတူရည်တူ ဆက်ဆံရေးနှင့် အပြန်အလှန်အကျိုးရှိ‌စေ‌ရေး စံနမူနာကောင်း ထူပြထားကြောင်း၊ လွန်ခဲ့သောနှစ်များအတွင်း နှစ်ဖက်တို့သည် တစ်လှေတည်းစီးပြီး အပြန်အလှန်ဖေးမကူညီကာ        ကပ်ရောဂါစိန်ခေါ်မှုများကို လက်တွဲရင်ဆိုင်ဖြေရှင်းခဲ့ကြောင်း၊ "Belt and Road" ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ စစ်မှန်သောနိုင်ငံစုံဝါဒကို ထိန်းသိမ်း မြှင့်တင်ပြီး တရုတ်-မော်လ်ဒိုက်ဆက်ဆံရေးကို အားသစ်လောင်းပေးခဲ့ကြောင်း ဖေါ်ပြပါသည်။

      ဆာလာဟ်က တရုတ်နိုင်ငံသည် မော်လဒိုက်နိုင်ငံ၏ စီးပွါးရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုတိုးတက်ရေး အတွက် များစွာ အကျိုးဆောင်ပေးခဲ့ကြောင်း၊ လွန်ခဲ့သော နှစ် (၅၀) အတွင်း နှစ်နိုင်ငံထူထောင်ခဲ့‌သည့် ရေရှည် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုသည် တစ်ဆင့်တိုး နက်ရှိုင်းပြီး တိုးတက်မည်ဟု ယုံကြည်ကြောင်း ဖေါ်ပြခဲ့သည်။