တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ ပြင်ဆင်ရေးအစည်းအဝေးကို ရှီကျင့်ဖိန်က ကြီးမှူး ကျင်းပ

(GMT+08:00)2022-10-15 19:59:55  

   တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ပြင်ဆင်ရေးအစည်းအဝေးကို အောက်တိုဘာလ ၁၅ ရက်နေ့ ညနေပိုင်းက ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပခဲ့ပါသည်။

ရဲဘော် ရှီကျင့်ဖိန်က ယခုအကြိမ် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့သည်။

အစည်းအဝေးတွင် လက်မြှောက်မဲပေးသောပုံစံဖြင့် လူ ၂၂ ဦးဖြင့် ဖွဲ့စည်းထားသော ပါတီကိုယ်စားလှယ် အရည်အချင်း စိစစ်ရေးကော်မတီ အမည်စာရင်းကို အတည်ပြုပြီး လူ ၂၄၃ ဦးဖြင့် ဖွဲ့စည်းထားသော ညီလာခံ သဘာပတိအဖွဲ့ အမည်စာရင်းကို အတည်ပြုကာ ဝမ်ဟုနင်ကို ညီလာခံ၏ အတွင်းရေးမှူးချုပ်အဖြစ် အတည်ပြုခဲ့ပါသည်။ အစည်းအဝေးတွင် ညီလာခံ အတွင်းရေးမှူးဌာန ထားရှိခြင်းနှင့် လုပ်ငန်းတာဝန်များကိုလည်း အတည်ပြုခဲ့ ပါသည်။

ထို့ပြင် အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ၏ အစီအစဉ်ကိုလည်း အတည်ပြုခဲ့သည်ဟု China Media Group မှ သတင်းတွင် ရေးသားဖေါ်ပြထားပါသည်။