တရုတ်နှင့် အမေရိကန်တို့သည် မှန်ကန်သော ယှဉ်တွဲနေထိုင်ရေး လမ်းကြောင်းကို ရှာကြံရမည်ဟု ပါတီညီလာခံ ပြောရေးဆိုခွင့်ရှိသူ ဆို

(GMT+08:00)2022-10-15 21:36:21  

 တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ ပြောရေးဆိုခွင့်ရှိသူ စွင်ယဲ့လီက အကယ်၍ လွန်ခဲ့သည့် နှစ် ၅၀ အတွင်း နိုင်ငံတကာ ဆက်ဆံရေးတွင် အရေးအကြီးဆုံး အကြောင်းသည် တရုတ်နှင့် အမေရိကန် ဆက်ဆံမှု ပုံမှန် ပြန်လည်ဖြစ်လာခြင်းနှင့် တိုးတက်ခြင်းဖြစ်ပြီး နှစ်နိုင်ငံအပါအဝင် ကမ္ဘာကြီးအား အကျိုးပြုနိုင်ခဲ့ခြင်း ဖြစ်သည်ဆိုလျှင် လာမည့် နှစ် ၅၀ အတွင်း နိုင်ငံတကာဆက်ဆံရေးတွင် အရေးအကြီးဆုံးအကြောင်းသည် တရုတ်နှင့် အမေရိကန်တို့ မှန်ကန်သော ယှဉ်တွဲနေထိုင်ရေး လမ်းကြောင်းကို ရှာကြံရခြင်း ဖြစ်ကြောင်း၊ တရုတ်နှင့် အမေရိကန် ဆက်ဆံရေး ကောင်းမွန်စွာ ကိုင်တွယ်ရန် သော့ချက်မှာ အပြန်အလှန် လေးစားခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်းနှင့် အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ယခုလ ၁၅ ရက်နေ့က ပြောကြားခဲ့ပါသည်။