တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကို အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ ပီကင်း၌ ကျင်းပမည်

(GMT+08:00)2022-10-15 19:55:04  

တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ပီကင်း ပြည်သူ့ခန်းမဆောင် ကြီး၌ စတင် ကျင်းပမည်ဖြစ်ပြီး ညီလာခံကို အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့ အထိ ကျင်းပမည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

   တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံကို ငါးနှစ် တစ်ကြိမ် ကျင်းပနေသည်။ ညီလာခံ ကျင်းပစဉ်အတွင်း ပါတီကိုယ်စားလှယ်များသည် ပြီးခဲ့သည့် အကြိမ်မှ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ အစီရင်ခံစာနှင့် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုစည်းကမ်း ကြီးကြပ်ရေး ကော်မရှင်၏ အစီရင်ခံစာကို စိစစ်ခြင်း၊ ပါတီအခြေခံစည်းမျဉ်းဥပဒေကို ပြင်ဆင်ခြင်း၊ ပါတီ၏ အရေးကြီး အကြောင်းအရာများကို ဆွေးနွေး ဆုံးဖြတ်ခြင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအသစ်နှင့် တရုတ်ကွန်မြူနစ် ပါတီ ဗဟိုစည်းကမ်း ကြီးကြပ်ရေး ကော်မရှင်အသစ်ကို ရွေးကောက်တင်မြှောက်ခြင်းတို့ကို ဆောင်ရွက်မည် ဖြစ်ပါသည်။