တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ အစီရင်ခံစာ ရေးဆွဲရာတွင် လူပုဂ္ဂိုလ် ၄၇၀၀ ကျော်တို့၏ အဆိုပြုချက် အကြံဉာဏ်ကောင်း များကို ကောက်ခံပါသည်

(GMT+08:00)2022-10-15 18:49:31  

   တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပခဲ့ပါသည်။

    ပါတီညီလာခံ၏ ပြောရေးဆိုခွင့်ရှိသူက တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ အစီရင်ခံစာ မူကြမ်း ဖြစ်တည်လာခဲ့ပြီးနောက် ဘက်ပေါင်းစုံမှ အဆိုပြုချက် အကြံဉာဏ်ကောင်းများကို ကျယ်ကျယ်ပြန့်ပြန့် ကောက်ခံပြီး လူပုဂ္ဂိုလ် ၄၇၀၀ ကျော်တို့၏ အဆိုပြုချက် အကြံဉာဏ်ကောင်းများကို ကောက်ခံခဲ့ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။