တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကို ယခုလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် စတင် ကျင်းပမည်

(GMT+08:00)2022-10-15 18:48:59  

တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပခဲ့ပါသည်။

ပါတီညီလာခံ၏ ပြောရေးဆိုခွင့်ရှိသူက တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံကို ယခုလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ပီကင်းပြည်သူ့ခန်းမဆောင်ကြီး၌ စတင် ကျင်းပမည် ဖြစ်ကြောင်း၊ ပါတီညီလာခံကို အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း၊ ပါတီညီလာခံ၏ ပြင်ဆင်မှုလုပ်ငန်းအရပ်ရပ် အားလုံး အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။