ရုရှားကျွမ်းကျင်သူများ ပါဝင်ခြင်းမရှိပါက "North Stream" စုံစမ်းစစ်ဆေးမှု၏ ရလဒ်များကို ရုရှားက လက်ခံမည်မဟုတ်

(GMT+08:00)2022-10-15 12:54:33  

      မကြာခင်က ဆွီဒင်သည် "North Stream" သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုထွက်မှုနှင့်ပတ်သက်၍ ပဏာမစုံစမ်းစစ်ဆေးမှုရလဒ်များကို ထုတ်ပြန်ကြေညာခဲ့ပြီး ပိုက်လိုင်းအား "တမင်တကာ ဖျက်ဆီးခြင်း" ဟု သံသယများ တိုးလာကြောင်း ထောက်ပြ ခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက အဆိုပါဖြစ်ရပ် စုံစမ်းစစ်ဆေးမှုတွင် ရုရှားကျွမ်းကျင်သူများ မပါဝင်ပါက မည်သည့်ရလဒ်ကိုမျှ ရုရှားက လက်ခံမည်မဟုတ်ကြောင်း အောက်တိုဘာလ ၁၃ ရက်နေ့တွင် အလေးထား ပြောကြား ခဲ့ပါသည်။

      Nord Stream ယိုထွက်မှု စုံစမ်းစစ်ဆေးရေးနှင့်ပတ်သက်၍ ရုရှားနိုင်ငံဆိုင်ရာ ဂျာမဏီ၊ ဒိန်းမတ်နှင့် ဆွီဒင်နိုင်ငံတို့မှ သံအမတ်ကြီးများနှင့် ညှိနှိုင်းခဲ့ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။