ဘရာဇီးရှိ နေရာအချို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် နာမည်ကျော် ရှုခင်းသာနေရာ Iguazu ရေတံခွန် ရေစီးဆင်းမှုပမာဏ များစွာတိုးလာ

(GMT+08:00)2022-10-14 16:23:47  

ဒေသစံတော်ချိန် အောက်တိုဘာလ ၁၂ ရက်နေ့က ဘရာဇီးနိုင်ငံ ပါရာနာပြည်နယ်ရှိ နာမည်ကျော် ရှုခင်းသာနေရာဖြစ်သည့် Iguazu  ရေတံခွန် ရေစီးဆင်းမှု ပမာဏ သိသိသာသာ တိုးများလာသည်။ လွန်ခဲ့သည့်ရက်များအတွင်း ယင်းပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် Iguazu  ရေတံခွန် ရေစီးဆင်းမှု ပမာဏမှာ တစ်စက္ကန့်လျှင် ကုဗမီတာ ၁၃၇၀၀ ရှိပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်း စံချိန်သစ် တင်ကာ ရေစီးဆင်းမှုပမာဏ ပိုမိုတိုးများလာနိုင်ဖွယ်ရာ ရှိကြောင်း ပါရာနာပြည်နယ် လျှပ်စစ်ကုမ္ပဏီက ပြောကြားသည်။