ဆော်ဒီအာရေဗျ ဘောလုံးဝါသနာအိုးသည် ကာတာ၌ ကျင်းပသော ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ကြည့်ရှုရန် သဲကန္တာရကို ခြေလျင်လျှောက် ဖြတ်သန်း

(GMT+08:00)2022-10-14 16:23:25  

 မကြာခင်က ဆော်ဒီအာရေဗျ ဘောလုံးဝါသနာအိုး အာစူမီသည် ကာတာ၌ ကျင်းပသော ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ကြည့်ရှုရန် လီယပ် အနောက်ဘက်ရှိ သဲကန္တာရကို ခြေလျင်လျှောက် ဖြတ်သန်းပြီး ကာတာနိုင်ငံ မြို့တော် ဒိုဟာသို့ ဆက်လက် ခြေလျင်လျှောက်သွားမည် ဖြစ်သည်။  အသက် ၃၃ နှစ်အရွယ် ဖြစ်သည့် အာစူမီကဘယ်လိုပဲ ဖြစ်ဖြစ် ခြေလျင်လျှောက်သွားရမှာ ဆိုရင်တောင် ကျွန်တော်က ဒိုဟာကို သွားရမယ်ဟု ပြောဆိုခဲ့သည်။