ရုရှား-ယူကရိန်း ချုပ်နှောင်ထားသူများ အပြန်အလှန် လဲလှယ်ကြပြီး ရုရှားစစ်သား အယောက်၂၀ ရုရှားသို့ ပြန်လာဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနဆို

(GMT+08:00)2022-10-14 16:24:14  

ရုရှား-ယူကရိန်း ညှိနှိုင်းဆွေးနွေးမှုရလဒ်အရ ရုရှားနှင့် ယူကရိန်းနှစ်ဖက်တို့သည် ချုပ်နှောင်ထားသူများ လဲလှယ်ပြီး ရုရှားစစ်သား အယောက် ၂၀ သည် ယူကရိန်း ထိန်းချုပ်သော ဒေသမှ ရုရှားသို့ ပြန်လာခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၃ ရက်နေ့က ပြောကြားသည်ဟု တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။

       ပြန်လာသောစစ်သားအားလုံးသည် လိုအပ်သော စိတ်ပိုင်းဆိုင်ရာနှင့် ဆေးကုသမှု အကူအညီများကို လက်ခံနေကြောင်း၊ ၄င်းတို့ကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ဆေးကုဌာနများသို့ အမြန်ဆုံး ပို့ဆောင်ပြီး ဆေးကုသပေးမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။