ယူကရိန်း သဘာဝဓါတ်ငွေ့ အခြေခံအဆောက်အအုံကို တိုက်ခိုက်ရန် စီစဉ်ခြင်းကို ရုရှားက ငြင်းဆို

(GMT+08:00)2022-10-14 16:26:49  

အောက်တိုဘာလ ၁၂ ရက်နေ့က ယူကရိန်းနိုင်ငံ Kyivမြို့ရှိ Tets-3 လျှပ်စစ်ဓါတ်အားပေးစက်ရုံ၏ မျက်နှာချင်းဆိုင်ဖက်တွင် တည်ရှိသော Samsungကုမ္ပဏီ ဌာနချုပ်၏ အဆောက်အအုံ ပျက်စီးမှုကို ဂြိုလ်တုဓါတ်ပုံထဲ၌ ပြသထားပါသည်။

ယူကရိန်းနိုင်ငံ သမ္မတZelensky၏ပြောဆိုချက်နှင့်ပတ်သက်၍ ရုရှားနိုင်ငံသမ္မတ၏ ပြန်ကြားရေးအတွင်းရေးမှူး Dmitry Peskov က ရုရှားနိုင်ငံသည် ကိုယ့်ခြေထောက်ကို ပစ်ခတ်သည့် အလေ့အကျင့် မရှိဟု ၁၃ရက်နေ့က ပြောခဲ့ကြောင်း ရုရှားSputnikသတင်းဌာနမှ သတင်းကိုကိုးကား၍ China Media Groupမှ သတင်းအရ သိရပါသည်။ မော်စကိုသည် ယူကရိန်း၌ သဘာဝဓါတ်ငွေ့သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံကို တိုက်ခိုက်ရန် စီစဉ်သည်ဟု ယင်းမတိုင်ခင်က Zelenskyက ပြောကြားခဲ့ပါသည်။