ပါလက်စတိုင်း နိုင်ငံရေးဂိုဏ်းအဖွဲ့များသည် အယ်လ်ဂျီးယားတွင် ပြန်လည်သင့်မြတ်ရေး စာချုပ်ကို ချုပ်ဆို

(GMT+08:00)2022-10-14 16:24:37  

ပါလက်စတိုင်းအမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့(ဖာတာ)နှင့် ပါလက်စတိုင်း အစ္စလာမ်ခုခံရေးလှုပ်ရှားမှုအဖွဲ့(ဟားမတ်စ်) အပါအဝင် ပါလက်စတိုင်း နိုင်ငံရေး ဂိုဏ်းအဖွဲ့ ၁၄ ခု တို့သည်  အောက်တိုဘာလ ၁၃ရက်နေ့က အယ်လ်ဂျီးယားမြို့တွင် ပြန်လည်သင့်မြတ်ရေး စာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း၊ အယ်လ်ဂျီးရီးယားသမ္မတ တေဘန်နှင့် အဆိုပါ ပါလက်စတိုင်း နိုင်ငံရေးဂိုဏ်းအဖွဲ့များမှ ကိုယ်စားလှယ်တို့သည် ပြန်လည်သင့်မြတ်ရေးစာချုပ် ချုပ်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ကြကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။