ယန်စီမြစ်ရေကို Huaihe မြစ်သို့ ပို့ဆောင်ရေးစီမံကိန်း Caichao လိုင်း Lujiang မြစ်အပိုင်း တည်ဆောက်ပြီးစီး

(GMT+08:00)2022-10-14 16:25:22  

အောက်တိုဘာလ ၁၃ ရက်နေ့ကThe Third Construction Co., Ltd. of China Railway Tenth Group Co.,Ltd. မှ ဆောက်လုပ်သော ယန်စီမြစ်ရေကို Huaihe မြစ်သို့ ပို့ဆောင်ရေးစီမံကိန်း (အန်ဟွေအပိုင်း) Caichao လိုင်း Lujiang မြစ်အပိုင်း တည်ဆောက် ပြီးစီးခဲ့သဖြင့် စီမံကိန်းတစ်ခုလုံး တည်ဆောက်ပြီးစီးရန်အတွက် အာမခံပေးခဲ့ပါသည်။ ၄င်းစီမံကိန်းသည် ယန်စီမြစ်နှင့် Huaihe မြစ်ကို ဆက်သွယ်ပြီး မြို့ပြကျေးလက်ဒေသ ရေဖြန့်ဖြူးမှုနှင့် ယန်စီမြစ်- Huaihe မြစ် ရေကြောင်းသယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုး တိုးတက်မှုကို အဓိကတာဝန်အဖြစ်ထားကာ လယ်ယာစိုက်ပျိုးရေး ဆည်မြောင်းလုပ်ငန်း၊ Chaohu ရေကန်နှင့် Huaihe မြစ် ဂေဟစနစ် ကောင်းမွန်တိုးတက်ရေးနှင့် ရေပိုရေလျှံထုတ်လွှတ်ရေး စသည့်တာဝန်များကိုလည်း ထမ်းဆောင်ပါသည်။ မြစ်ဖြတ်ကျော်၊ ပြည်နယ်ဖြတ်ကျော် အရေးကြီး မဟာဗျူဟာမြောက် ရေအရင်းအမြစ် စီစဉ်ထားရေးနှင့် အထွေထွေအသုံးပြုရေးစီမံကိန်းလုပ်ငန်းဖြစ်ပါသည်။